knowledge| Jul 08, 2026

📌 လေးမြို့မြစ် ရေကြီးရေလျှံ ဖြစ်နေချိန်မှာ ဘာတွေကို လိုက်နာဆောင်ရွက်သင့်လဲ ?

မိုးရာသီမှာ မိုးရွာသွန်းမှုများတာနဲ့အတူ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်ပါတယ်။ ရေကြီးရေလျှံမှုတွေဟာ အပျက်အစီးတွေကို ဖြစ်ပေါ်စေပြီးတော့ ရေမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေ ရောဂါအန္တရာယ်တွေဖြစ်နိုင်ပါတယ်။​ ဒါ့အပြင် အစားအစာနဲ့ ရေမှနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ သတိထားဖို့လိုအပ်ပါတယ်။​

လေးမြို့မြစ် ရေကြီးရေလျှံ

📌 လေးမြို့မြစ် ရေကြီးရေလျှံ ဖြစ်နေချိန်မှာ ဘာတွေကို လိုက်နာဆောင်ရွက်သင့်လဲ ?

♻️ မိုးရာသီမှာ မိုးရွာသွန်းမှုများတာနဲ့အတူ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်ပါတယ်။ ရေကြီးရေလျှံမှုတွေဟာ အပျက်အစီးတွေကို ဖြစ်ပေါ်စေပြီးတော့ ရေမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေ ရောဂါအန္တရာယ်တွေဖြစ်နိုင်ပါတယ်။​ ဒါ့အပြင် အစားအစာနဲ့ ရေမှနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ သတိထားဖို့လိုအပ်ပါတယ်။​

♻️ ရေကြီးရေလျှံမှုတွေဖြစ်ရင် တိုက်ဖွိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါ စတဲ့ရောဂါတွေဟာ ကူးစက်နိုင်ချေ ပိုမြင့်မားတာဖြစ်လို့ အထူးသတိပြုသင့်ပါတယ်။ ရေဝပ်တဲ့ နေရာတွေမှာလည်း ခြင်တွေပေါက်ဖွားနိုင်ပြီးတော့ ခြင်မှနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ရှိနိုင်ပါတယ်။​

♻️ ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် စစ်လက်နက် အကြွင်းအကျန်တွေနဲ့ မှိုင်းတွေပါ ရေထဲမှာ မျှောပါလာတာကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးဆင်ခြင်သတိထားဖို့လိုအပ်ပါတယ်။

ဒါကြောင့် ရေကြီးရေလျှံချိန်မှာ ဘာတွေကိုလိုက်နာဆောင်ရွက်သင့်လည်း၊ အန္တရာယ် မဖြစ်ရလေအောင် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ ‼️

၁။ ရေစတက်လာတာနဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ အရေးပေါ်ဆေးဝါး၊ ဖုန်း၊ ပါဝါဘဏ်၊ ဓာတ်မီးနဲ့ ရိက္ခာခြောက်တွေကို ရေလုံအိတ်ဖြင့် စနစ်တကျ ထုပ်ပိုးပြီးတော့ အရေးပေါ်အိတ်ကို ကြိုပြင်ဆင်ထားပါ။

၂။ ရေမကြီးခင်ကနေ မိမိနယ်မြေမှာရှိတဲ့ လွတ်မြောက်ရာ လမ်းကြောင်း၊ သတိပေးချက်တွေ၊ ရေကြီးနိုင်တဲ့ နေရာတွေ ကို သိရှိအောင် လုပ်ထားပြီး အရေးပေါ်ဆုံမှတ်ကို ရွေးချယ်ထားပါ။

၃။ ရေကို ကလိုရင်းနဲ့ ပိုးသတ်ပြီးမှ သောက်သင့်ပါတယ်။ ဒါမှမဟုတ် ရေကို ကျိုချက်ပြီးမှ သောက်ပါ။ စားသောက်စရာတွေနဲ့ ရိက္ခာခြောက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၄။ ရေကြီးနေတဲ့ ရေထဲကို ဆင်းခြင်းကို အထူးသတိထားရှောင်ရှားသင့်ပါတယ်။ ရေကြီးတဲ့ရေကို အသုံးပြုပြီးတော့ ကိုယ်လက်သန့်ရှင်းရေးလုပ်တာ၊ အိုးခွက်ပန်းကန်တွေကို ဆေးကြောတာတွေကို လုံးဝမပြုလုပ်ပါနဲ့။

၅။ ရေကြီးနေသည့်နေရာမှာ ရေကူးတာ၊ ကားမောင်းတာ၊ ဆိုင်ကယ်မောင်းတာ၊ လမ်းလျှောက်တာတွေကို မလုပ်ပါနဲ့။ ပျက်ကျနေတဲ့ မီးကြိုးတွေရှိနိုင်တာကြောင့် ဓာတ်လိုက်နိုင်တဲ့အန္တရာယ်လည်း ရှိနိုင်ပါတယ်။ ရေကြီးလာရင် ကားရော လူရော အလွယ်တကူမျောပါသွားနိုင်တာကြောင့် သတိထားနေသင့်ပါတယ်။

၆။ ရေကြီးနေချိန် မျောပါလာတဲ့ မှိုင်းတွေ စစ်လက်ကျန်အကြွင်းအကျန်တွေရှိရင်လည်း ကော့ယူပြီးတော့ ဆော့ကစားတာ၊ နေရာရွေ့တာတွေကို မပြုလုပ်ပါနဲ့ အတတ်နိုင်ဆုံး အာဏာပိုင်တွေကို ဆက်သွယ်ပြီးတော့ အမြန်ဆုံးရှင်းလင်းဖို့ ဆက်သွယ်သင့်ပါတယ်။

၇။ ရေကျသွားရင်လည်း ရေကြီးရေလျှံထားတဲ့ ရေနဲ့ ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို သေချာဆေးကြောသန့်စင်ပါ။ အစားအစာတွေအပါအဝင် ခေါင်းအုံး၊ မွေ့ယာ၊ စောင် စတဲ့ ပြန်လည် သန့်စင်လို့မရနိုင်သည့် ပစ္စည်းများကို လွှင့်ပစ်ပါ။ နံရံကြမ်းပြင် ရေဆေးချလို့ရနိုင်တဲ့ အရာမှန်သမျှ အားလုံးကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

၈။ တစ်ကယ်လို့ အိမ်ဟာ ရေဝပ်တဲ့ နေရာမှာရှိနေရင် ခြင်မကိုက်အောင် ကာကွယ်တဲ့ လိမ်းဆေးကို လိမ်းပါ။ အဝတ်အစားများအပေါ်တွင်လည်း ဆေးဖြန်းထားပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည်များ ဝတ်ဆင်ပါ။ ခြင်ထောင်အသုံးပြုပါ။

၉။ မြွေအန္တရာယ် သတိထားပါ။

၁၀။ ရေအရှိန်ဖြင့် တက်လာပါရင် သတ်မှတ်ထားတဲ့ ကယ်ဆယ်ရေးစခန်း ဒါမှမဟုတ် မြင့်မားတဲ့ နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းပါ ။ ရွှေ့ပြောင်းတဲ့အခါမှာလည်း ရပ်ရွာအတွင်း ပိတ်မိနေနိုင်တဲ့ အမျိုးသမီး၊ ကလေးသူငယ် ထိခိုက်လွယ်သောအုပ်စုတွေကို ဦးစားပေး ကူညီစောင့်ရှောက်ပေးပါ။

CIN ဟာ ဒေသတွင်းမှာ စားနပ်ရိက္ခာဖူလုံရေးနဲ့ သဘာဝဘေးအန္တရာယ်လျော့ချရေးတို့အပြင် ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်ထိန််းသိမ်းရေး၊ ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး တို့ကို လူငယ်တွေနဲ့ စုပေါင်းပြီး တက်တက်ကြွကြွလုပ်ဆောင်လျက် ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ✅

❝အကျပ်အတည်းကာလမှနေ ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းအတွက် စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ ကျွန်တော်တို့နှင့် အတူ ပူးပေါင်းဖို့ CIN ကနေ နွေးထွေးစွာနဲ့ ကြိုဆိုနေပါတယ်။❞