CIN
CIN
news| Aug 19, 2025

❝အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ကြမယ်❞

☘️“အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ပါ” ဆိုတဲ့ မြန်မာရှေးစကားအတိုင်း၊ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ဖို့ ကြိုးစားနေကြတဲ့ CIN ဝိုင်းတော်သားတွေရဲ့ Home Gardening Training အကြောင်းကို ဒီအပတ်မှာ မျှဝေချင်ပါတယ်။​ 🧑‍🌾 Drag ☘️ တစ်နိုင်တစ်ပိုင်အိမ်တွင်းစိုက်ပျိုးရေးကနေ စားနပ်ရိက္ခာဖူလုံရေးအထိ အရေးပါတဲ့ Home Gardening ဟာ ကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်းနဲ့ စိမ်းလှတာတော့မဟုတ်ပါဘူး။ Home Gardening ကို နည်းစနစ်ကျကျနဲ့ စိုက်ပျိုးပြီးတော့ လက်တွေ့အသုံးချနိုင်ရင် စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အပံ့ဖြစ်စေပြီးတော့ မိသားစုတွေရဲ့ အပိုဝင်ငွေကိုလည်း တိုးစေပါတယ်။ ✅

❝အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ကြမယ်❞


☘️“အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ပါ” ဆိုတဲ့ မြန်မာရှေးစကားအတိုင်း၊ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ဖို့ ကြိုးစားနေကြတဲ့ CIN ဝိုင်းတော်သားတွေရဲ့ Home Gardening Training အကြောင်းကို ဒီအပတ်မှာ မျှဝေချင်ပါတယ်။​ 🧑‍🌾

☘️ တစ်နိုင်တစ်ပိုင်အိမ်တွင်းစိုက်ပျိုးရေးကနေ စားနပ်ရိက္ခာဖူလုံရေးအထိ အရေးပါတဲ့ Home Gardening ဟာ ကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်းနဲ့ စိမ်းလှတာတော့မဟုတ်ပါဘူး။ Home Gardening ကို နည်းစနစ်ကျကျနဲ့ စိုက်ပျိုးပြီးတော့ လက်တွေ့အသုံးချနိုင်ရင် စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အပံ့ဖြစ်စေပြီးတော့ မိသားစုတွေရဲ့ အပိုဝင်ငွေကိုလည်း တိုးစေပါတယ်။ ✅

💦ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ ဘေးကင်းတဲ့ အစားအစာကွင်းဆက်တွေ ဖြစ်လာဖို့၊ ပြင်ပထုတ်ကုန်တွေကို မှီခိုနေရတဲ့အပေါ် လျှော့ချဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ ရေရှည်တည်တံ့တဲ့ သဘာဝဂေဟအခြေပြုစားသုံးမှုစနစ်ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေထားပြီးတော့ Home Gardening Training ကို CIN ကနေ လုပ်ဆောင်ခဲ့ပါတယ်။

🌎 ဒီသင်တန်းမှာ အိမ်တွင်းဥယျာဉ်အတွက် ရာသီအလိုက်သီးနှံတွေ စိုက်ပျိုးဖို့၊ သီးနှံတွေ ရိတ်သိမ်းဖို့အတွက်ပါ ရာသီအလိုက် သီးနှံပြက္ခဒိန်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ဒါ့အပြင် ရာသီအလိုက် သီးနှံတွေကို ထိန်းသိမ်းဖို့အတွက် အော်ဂဲနစ်နည်းလမ်းတွေကိုပါ အတူတူဝိုင်းဝန်းပြီး ဆွေးနွေးခဲ့ကြပါတယ်။

🌎 Home Gardening စိုက်ပျိုးခြင်းဟာ မိသားစုတွေရဲ့ စားသောက်နေထိုင်မှု၊ လူနေမှုပုံစံ၊ သဘာဝပတ်ဝန်းကျင် အပါအဝင် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်တွေအားလုံးနဲ့ပါ ဆက်စပ်နေတာကြောင့် သဘာဝနဲ့ လူသားကြားက ရေရှည်တည်တံ့တဲ့ ဂေဟစနစ်ကို ဖြစ်စေပါတယ်။

🌎 Home Gardening သင်တန်းကနေရရှိတဲ့ နည်းစနစ်တွေကိုလည်း ဒေသတွင်းမှာ ပြန်လည်အသုံးချနိုင်အောင်နဲ့ ရပ်ရွာတွင်းမှာ ဆင့်ပွားအသိပညာပေးလုပ်ငန်းတွေကိုပါ CIN ဖက်ကနေ လက်ရှိမှာ လုပ်ကိုင်လျက်ရှိပါတယ်။

🔗 ယခုလို စစ်ပွဲနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုကြုံတွေ့လာနေရတဲ့ နှစ်ကာလတွေမှာ စားနပ်ရိက္ခာထုတ်လုပ်ရေးမှ အထောက်အပံ့ဖြစ်စေတဲ့ Home Gardening ကို ကျယ်ပြန့်လာအောင် လုပ်ဆောင်ခြင်းဟာ စားနပ်ရိက္ခာထုတ်လုပ်မှုကို ပိုတိုးစေပြီးတော့ စားနပ်ရိက္ခာ အကျပ်အတည်းကိုလည်း ပိုဖြေရှင်းနိုင်ပါလိမ့်မယ်။​ 💪

📌 CIN ဟာ စားနပ်ရိက္ခာအရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် ဒေသခံတောင်သူလယ်သမားတွေကို အဓိက ကူညီထောက်ပံ့ပေးနေတဲ့ ရခိုင်ဒေသအခြေပြု အရပ်ဖက်အဖွဲ့အစည်းတစ်ခုပါ။​

📌 ဒေသတွင်း ရပ်ရွာအခြေပြု စိုက်ပျိုးရေးလုပ်ငန်းတွေ ပေါ်လာဖို့နဲ့ စွမ်းရည်ပြည့်ဝတဲ့ စိုက်ပျိုးရေး လူငယ်လုပ်သားတွေ ပေါ်လာဖို့အတွက် CIN အနေနဲ့ ကြိုးစားပြီး လုပ်ဆောင်လျက်ရှိပါတယ်။

📌ဒေသတွင်း ရပ်ရွာအခြေပြု စိုက်ပျိုးရေးလုပ်ငန်းတွေ ပေါ်လာဖို့နဲ့ စွမ်းရည်ပြည့်ဝတဲ့ စိုက်ပျိုးရေး လူငယ်လုပ်သားတွေ ပေါ်လာဖို့အတွက် CIN အနေနဲ့ ကြိုးစားပြီး လုပ်ဆောင်လျက်ရှိပါတယ်။်ရိက္ခာအချုပ်အခြာနဲ့ အာဟာရပြည့်ဝရေးအတွက် ဒေသခံတွေကို CIN အနေနဲ့ ပံ့ပိုးပေးလျက်ရှိပါတယ်။​

💦ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ ဘေးကင်းတဲ့ အစားအစာကွင်းဆက်တွေ ဖြစ်လာဖို့၊ ပြင်ပထုတ်ကုန်တွေကို မှီခိုနေရတဲ့အပေါ် လျှော့ချဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ ရေရှည်တည်တံ့တဲ့ သဘာဝဂေဟအခြေပြုစားသုံးမှုစနစ်ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေထားပြီးတော့Home Gardening Training ကို CIN ကနေ လုပ်ဆောင်ခဲ့ပါတယ်။

 📩 Contact us - cin.rke@proton.me

X - @CinRke

#community #Rakhine #foodsecurity